သာစည် စက်တင်ဘာ ၁၁
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် သာစည်မြို့တွင် မြိုနယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် မြို့ပေါ်ရပ်ကွက်များတွင် မိုးရာသီကာလ ရေမြောင်းများ ပိတ်ဆိုမှုမရှိစေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် မြိုနယ်စည်ပင်သာယာရေးအဖွဲမှ ဆောင်ရွက်လျက်ရှိရာ အဆိုပါဆောင်ရွက်နေမှုအခြေအနေများကို တာဝန်ရှိသူများက စက်တင်ဘာ ၁၁ ရက်နေ့နံနက် ၁၀ နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် အမှတ် (၇) ရပ်ကွက်ရှိ မြိုရေဆိုးထုတ်မြောင်းအား မြိုနယ်စည်ပင်သာယာရေးအဖွဲမှ အင်ဂျင်နီယာ ဦးဇော်မျိုးသက်၏ ကြီးကြပ်မှုနှင့်အတူ ဝန်ထမ်းများက စက်ယန္တရားဖြင့် မိုးရာသီကာလရေမြောင်းများ ပိတ်ဆိုမှုမရှိစေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် ဆည်ယူရှင်းလင်းဆောင်ရွက်နေမှုအခြေအနေများအား မြိုနယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့်အဖွဲဝင်များ၊ ကြည့်ရှုစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း မြိုနယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)