ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ

ကျောက်ဆည် စက်တင်ဘာ ၁၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျောက်ဆည်မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ပူးပေါင်းပြီး စက်တင်ဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာနတွင်၊ မြင်းခြံကျော်အောင်(ခ)သန်းထက်စံရေးသားသည့် “ကြီးပွားအောင်မြင်အောင်ပန်းကိုဆင်” စာအုပ်စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက စာပေဖတ်ရှု့လေ့လာရာတွင်ရရှိမည့် အကျိုးကျေးဇူးများ၊ ဗလငါးတန်နှင့် ပြည့်စုံရေးသုတ၊ ရသစာအုပ်စာစောင်များကိုဖတ်ရှုစေလိုကြောင်း ပြောကြားခဲ့ပြီး ကျောက်ဆည်မြို့နယ်စာအုပ် စာစောင်ချစ်မြတ်နိုးသူများအသင်းအတွင်းရေးမှူး ဒေါ်ခင်ချို (သီတဂူ-ကျောက်ဆည်)က မြင်းခြံကျော်အောင် (ခ)သန်းထက်စံရေးသားသည့် “ကြီးပွားအောင်မြင် အောင်ပန်းကိုဆင်” စာအုပ်မှ အစဉ်ရှင်သန်နေသော လူသားဖြစ်စေရန်၊ ကြီးပွားခြင်း၏ အခြေခံစာဖတ်ရန်၊ အတတ်ပညာ သင်ယူ၊ ခံယူခြင်း၊ စိတ်ကျန်းမာကြံ့ခိုင်ရေး၊ အချိန်အခါသိမူ စသည့်အကြောင်းအရာများ ဆွေးနွေးခဲ့ပြီး စာပေချစ်မြတ်နိုးသူများက သိရှိလိုသည်များကိုမေး မြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

စုစုအေး(ကျောက်ဆည်)