ပုဂံမြို့သစ်မှ နတ်ကြို့အိုင် ကျေးရွာအဝင်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ကွင်းဆင်းစစ်ဆေး

ညောင်ဦး စက်တင်ဘာ ၁၁

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်အတွင်း (၂ဝ၂၅ - ၂ဝ၂၆) ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ပုဂံမြို့သစ်မှနတ်ကြို့အိုင်ကျေးရွာအဝင်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား ညောင်ဦးမြို့နယ် တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီအဖွဲ့မှ တာဝန်ရှိသူများက စက်တင်ဘာ ၁၁ ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

အဆိုပါ ပုဂံမြို့သစ်မှနတ်ကြို့အိုင်ကျေးရွာအဝင်လမ်း ကတ္တရာလမ်းမှာ အရှည် ၂ ဖာလုံ၊ အကျယ် ၁၂ ပေ၊ ထု ၁၅ လက်မဖြစ်ပြီး ပြည်ထောင်စု (ငွေလုံးငွေရင်း) ရန်ပုံငွေကျပ် ၁၂ဝ ဒသမ ၂၅ သန်းဖြင့် ညောင်ဦးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဒီပါလင်း