စက်တင်ဘာလ (၁၆) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အိုဇုန်းလွှာနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောက်ဆည်မြို့နယ်တွင် အသိပညာပေးဟောပြော လက်ကမ်းစာစောင်များဖြန့်ဝေ

ကျောက်ဆည် စက်တင်ဘာ ၁၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် အမှတ် (၂) အခြခံပညာအထက်တန်းကျောင်း၊ ရွှေသရဖီခန်းမ၌ ၂၀၂၅ ခုနှစ် စက်တင်ဘာလ (၁၆) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အိုဇုန်းလွှာနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် ကျောက်ဆည်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စိုးစံက “အိုဇုန်းလွှာကာကွယ်ရေး သိပ္ပံပညာဖြင့် တစ်ကမ္ဘာလုံးမြှင့်တင်ဆောင်ရွက်ပေး” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခြင်းများပြုလုပ်ခဲ့ပြီး ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဟောပြောပွဲအပြီးတွင် ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိက မေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့ပြီး ကျောင်းစာကြည့်တိုက်အတွက် “ကမ္ဘာမြေထိန်းသိမ်းခြင်း” ကာတွန်းစာအုပ်များ လှူဒါန်းခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)