ညောင်ဦးမြို့၌ဝင်ငွေတိုးစီမံကိန်း၊ သင်တန်းဆင်းပွဲနှင့်လုပ်ငန်းသုံးပစ္စည်းပေးအပ်ပွဲ အခမ်းအနားကျင်းပ

ညောင်ဦး  စက်တင်ဘာ ၁၁

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်း၊ အမျိုးသမီးများဝင်ငွေတိုးရေးလုပ်ငန်းနှင့် အသေးစားအငယ်စား စီးပွားရေး လုပ်ငန်းများပေါ်ထွန်းလာစေရေးလုပ်ငန်းများအတွက် သင်တန်းဆင်းပွဲနှင့် လုပ်ငန်းသုံးပစ္စည်းပေးအပ်ပွဲအခမ်းအနားကို စက်တင်ဘာ ၁၁ ရက်နေ့ နံနက် ၁၀ နာရီက ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး သော်ထိုက်က သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက စီမံကိန်းနှင့်ပတ်သတ်၍ ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် ညောင်ဦးမြို့နယ်၊ အရှေ့ဖွားစောကျေးရွာနှင့်ဝါခင်းကြီး ကျေးရွာတို့မှ စက်ချုပ်လုပ်ငန်းနှင့် စားသောက်ကုန်ထုတ်လုပ်ငန်း ထူထောင်လိုသူ (၁၀)ဦးကို လုပ်ငန်းသုံးစက်ပစ္စည်းများဖြစ်သည့် အပ်ချုပ်စက်၊ ကင်းချည်စက်၊ ထုပ်သီးရိုက်စက်၊ မီးပူ၊ မီးပူတင်ခုံ(၃)မျိုး၊ အရုပ်မ၊ ဂျုံမွှေစက်၊ အိပ်ပိတ်စက်၊ စတီးဘန်းများကို တာဝန်ရှိသူများက ပေးအပ်ခဲ့ကာ အခမ်းအနားတက်ရောက်လာသူများနှင့် စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။

ဒီပါလင်း