မိတ္ထီလာမြို့၌ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ

မိတ္ထီလာ စက်တင်ဘာ ၁၁

မိတ္ထီလာမြို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို စက်တင်ဘာ ၁၁ ရက်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါ စာစီစာကုံးပြိုင်ပွဲတွင် ဦးစွာ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးစန္ဒာက ပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဦးမျိုးမင်းဇော်က ပြိုင်ပွဲစည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ပြိုင်ပွဲကို ကျင်းပရာ မိတ္ထီလာမြို့နယ်နှင့် ဝမ်းတွင်းမြို့နယ်တို့မှ အထက်တန်းဆင့်နှင့်အလယ်တန်းဆင့်  ပြိုင်ပွဲဝင် ကျောင်းသူ၊ ကျောင်းသား ၂၁ ဦးက ပါဝင်ယှဉ်ပြိုင်ကြ သည်။   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ပညာရေးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသည့် အဆိုပါပြိုင်ပွဲတွင် ဆုရရှိသည့်ကျောင်းသူ၊ ကျောင်းသားများအား စက်တင်ဘာလ ၁၆ ရက်နေ့တွင် အထက(၁) ၌  အိုဇုန်းလွှာကာကွယ်ရေးသိပ္ပံပညာဖြင့် တစ်ကမ္ဘာလုံး မြှင့်တင်ဆောင်ရွက်ပေး ဆောင်ပုဒ်နှင့်အညီ ကျင်းပမည့် ၂ဝ၂၅ ခုနှစ် ကမ္ဘာ့အိုဇုန်း လွှာထိန်းသိမ်းရေးနေ့အခမ်းအနားတွင် ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ချမ်းသာ