မိုင်းဖြတ် စက်တင်ဘာ ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အ.ထ.က(ဟိုနား)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှမျိုးက ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် အမှာစကားများ ပြောကြားခဲ့သည်။
ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ခင်စိန်က အမှာစကားများ ပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးဝင်းခိုင်တို့က ယနေ့ခေတ်တွင် ဆိုရှယ်မီဒီယာများမှတစ်ဆင့် ဆက်သွယ်ရေးလိမ်လည်မှုပြဿနာများနှင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)အကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်အမျိုးသမီးရေးအဖွဲ့မှ အတွင်းရေးမှူး ဒေါ်တင်မာလွင်က ကျောင်းသား၊ ကျောင်းသူများ မိုဘိုင်းဖုန်းအသုံးပြုပါက လိုက်နာရမည်အချက်များကိုပြောကြားခဲ့သည်။
ဆက်လက်၍ ဟောပြောပွဲအပြီးအတွင် လန်ချန်း-မဲခေါင်တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဗဟိုဌာနမှ ပေးပို့လာသည့် အသိပညာပေး ဗွီဒီယိုဖိုင်အား ပညာပေးပြသခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)