နမ့်စန်မြို့ အ.ထ.က(မြို့မ)ကျောင်းတွင် လူရည်ချွန်ကြိုဆိုပွဲနှင့် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများကို ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပ

နမ့်စန်() စက်တင်ဘာ ၁၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၊ အ.ထ.က(မြို့မ)ကျောင်းမှ ၂၀၂၄-၂၅ ပညာသင်နှစ်တွင် လူရည်ချွန်ဆုရရှိသူ ကျောင်းသူကို ယနေ့ နံနက် ၈ နာရီခွဲက အ.ထ.က(မြို့မ) ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးမိုးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများက အမှတ်(၄)ရပ်ကွက်ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် အ.ထ.က(မြို့မ)ကျောင်းအထိ ပန်းစည်း၊ ပန်းကုံးများဖြင့် စုပေါင်းဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

ဆက်လက်၍ နံနက် ၉ နာရီခွဲတွင် လူရည်ချွန်ကျောင်းသူနှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်ခဲ့သူများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို အမှတ်(၄)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(မြို့မ)ခန်းမတွင် ကျင်းပခဲ့ရာ ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်မင်းက  ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။       

ထို့နောက် နှစ်ထပ်ကွမ်းလူရည်ချွန်ထူးချွန်ဆုရရှိသည့်  Grade-11 မှ မဖြူစင်ကြယ်ကို နမ့်စန်မြို့မရဲစခန်းမှူး ဒုရဲမှူးဇော်မင်းထွန်းက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် ၂၀၂၄-၂၀၂၅ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အ.ထ.က(မြို့မ) ကျောင်းမှ အောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၂၂)ဦးကို ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်မင်း၊ မြို့နယ်အားကစားမှူး ဦးအောင်ကိုကိုနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ခဲ့ကြပြီး ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။    

သူရအောင်(နမ့်စန်)