မုဒုံမြို့၌ သဘာဝဘေးအန္တရာယ်နှင့် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့အကြောင်း အသိပညာပေးပွဲပြုလုပ်

မုဒုံ စက်တင်ဘာ ၁၁

မွန်ပြည်နယ်မုဒုံမြို့နယ်တွင် သဘာဝဘေးအန္တရာယ်နှင့် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့အကြောင်း အသိပညာပေးဟောပြောပွဲကို ဩဂုတ် ၉ ရက် နံနက် ၁၀ နာရီက အထက ()ကျောင်း၌ ပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်မို့မို့သိန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဖုန်းမြင့်အေးက သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ဆောင်ရွက်ရမည့် အချက်များ၊ ရေဘေး၊ မုန်တိုင်းဘေး၊ မီးဘေး၊ ငလျင်ဘေးစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက ဆောင်ရန်/ရှောင်ရန် အချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့အကြောင်းအရာများ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် လက်တွေ့မီးငြှိမ်းသတ်ခြင်းနှင့် မီးသတ်ဆေးဘူး အသုံးပြုနည်းတို့ကို လက်တွေ့သရုပ်ပြသ၍ ကျောင်းသား၊ ကျောင်းသူများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရာမည (ပြန်/ဆက်)