မိုးနဲ စက်တင်ဘာ ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ မြို့ပေါ် (၅)ရပ်ကွက်နှင့် ကျေးရွာနေ တောင်သူအများအပြား စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြပြီး ယခုကာလတွင် စိုက်ပျိုးရေးသီးနှံများအဖြစ် စပါး၊ မြေပဲ၊ ပြောင်းသီးနှံများ အများအပြားစိုက်ပျိုးထားကြရာ မြေပဲနှင့် ပြောင်းသီးနှံများ အစောပိုင်းစိုက်ပျိုးသူများအနေဖြင့် စတင်ချိုးယူနေကြပြီဖြစ်ကြောင်း သိရသည်။
ပြောင်းသီးနှံများ ချိုးယူရာတွင် အငှားနေ့စားတစ်ဦးလျှင် ကျပ် (၁၅၀၀၀)၊ အထမ်းသမားတစ်ဦးလျှင် ကျပ်(၃၀၀၀၀) ပေါက်ဈေးရှိနေကြောင်း၊ ခြွေလှေ့ရာတွင် တစ်အိပ်လျှင် ကျပ် (၂၀၀၀) နူန်း ပေးဆောင်ရမည်ဖြစ်ကြောင်း၊ စတင်စိုက်ပျိုးချိန်တွင် ထွန်ယက်ခ၊ ပေါင်းလိုက်ခ၊ ပိုးသက်ဆေး၊ ပေါင်းသက်ဆေး အသုံးပြုခများရှိသဖြင့် ရောင်းချရာတွင် ဈေးကောင်းရရှိရန်မျှော်လင့်နေကြောင်း၊ ပြောင်းသီးနှံသည် စတင်စိုက်ပျိုးချိန်မှ (၄)လကြာချိန်တွင် ချိုးယူရသော သီးနှံဖြစ်ကြောင်း တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ဇင်ကိုကို