မုဒုံမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေး

မုဒုံ စက်တင်ဘာ ၁၁

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ဩဂုတ် ၉ ရက် နံနက် ၁၀ နာရီက မြို့နယ်အားကစားပြိုင်ဝင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မုဒုံမြို့နယ် ရွေးကောက်ပွဲအရာရှိ ဒေါ်ခိုင်ချိုချိုထက်က မဲဆန္ဒရှင် ပြည်သူများအား ရွေးကောက်ပွဲဆိုင်ရာ စက်လုပ်ငန်းဆောင်ရွက်ပုံအဆင့်ဆင့်၊ ရွေးကောက်ပွဲကျင်းပမည့် လုပ်ငန်းစဉ်များ၊ မြန်မာအီလက်ထရောနစ်မဲပေးစက် ဖွဲ့စည်းတည်ဆောက်ပုံ၊ မဲပေးခြင်း၊ မဲလက်မှတ်စက်ဖြင့် မဲပုံးအတွင်းရောက်ရှိခြင်း၊ မဲရေတွက်ခြင်းတို့ကို ရှင်းလင်းပြသ၍ တစ်ဦးချင်း မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် ကိုယ်တိုင်စမ်းသပ်မဲပေးခြင်းများကို လက်တွေ့ပြသဆောင်ရွက်ခဲ့သည်။

မဲဆန္ဒရှင်ပြည်သူများ လက်တွေ့စမ်းသပ်မဲပေးရာသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ရာမည (ပြန်/ဆက်)