‎မဟာအောင်မြေမြို့နယ် မီးသတ်ဦးစီးဌာနသို့ ကျောင်းသား၊ ကျောင်းသူများ လာရောက်လေ့လာ

မဟာအောင်မြေ စက်တင်ဘာ ၁၁

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်‌မြေမြို့နယ်တွင် LCIS International Preschool ကိုယ်ပိုင်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက မီးသတ်ဦးစီးဌာနရှိ မီးငြှိမ်းသတ်ရေးပစ္စည်းများ၊ ရှာဖွယ်ကယ်ဆယ်ရေးသုံးပစ္စည်းများဖြင့် သရုပ်ပြခြင်းများကို စက်တင်ဘာ ၁၁ ရက်နေ့ နံနက်ပိုင်းက ဒုတိယမြောက် လာရောက်လေ့လာကြည့်ရှုခဲ့ကြောင်းသိ ရသည်။

အဆိုပါ လာရောက်လေ့လာကြည့်ရှုမှုကို မဟာအောင်မြေမြို့နယ် မြို့နယ်မီးသတ်ဦးစီးမှူး ဦးညွန့်ဝင်းအောင်ဦးစီး၍ မီးသတ်တပ်ဖွဲ့ဝင်များက LCIS International Preschool ကိုယ်ပိုင်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများအား မီးဘေးအန္တရာယ်ကြုံတွေ့လာပါက အဆိုပါမီးငြှိမ်းပစ္စည်းများဖြင့် လုပ်ဆောင်ရကြောင်းရှင်းလင်းပြောကြားပြီးနောက် ကျောင်းသား၊ ကျောင်းသူလေးများအား FIRE DEPT တူညီယူနီဖောင်းအင်္ကျီများဝတ်ဆင်ကာ  လက်တွေ့ သရုပ်ပြခြင်းဖြင့် ပြသပေးခဲ့ပြီး LCIS International Preschool ကိုယ်ပိုင်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက (၃)ရက်တိုင်လာရောက် လေ့လာမည့်ဖြစ်ကြောင်းနှင့် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများကလည်းလက်တွေ့ သရုပ်ပြခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇော်မင်း