ကျောက်ဆည်ခရိုင်၌ ထူးချွန်ကျောင်းသား၊ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်

ကျောက်ဆည် စက်တင်ဘာ  ၁၁

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကျောက်ဆည်ခရိုင်၌ ၂၀၂၅ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီက ကျောက်ဆည် မြို့တော်ခန်းမ၌ ကျင်းပသည်။

ဦးစွာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများက ပြည်မြန်မာ သီချင်းဖြင့်သီဆိုဖွင့်လှစ်ခဲ့ပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဟိန်းအောင်က ဂုဏ်ပြုအမှာစကားပြောကြားသည်။

ဆက်လက်ပြီး ခရိုင်အတွင်းမှ လေးဘာသာဂုဏ်ထူးရှင်(၂၁)ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၁၂၁)ဦး တို့အား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး ဒေါက်တာဥမ္မာကြည်၊ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သားမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ချီးမြှင့်ခဲ့ပြီး အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖျော်ဖြေ ခဲ့ကြောင်း သိရသည်။

တင်တင်ထွေး