ပျော်ဘွယ် စက်တင်ဘာ ၁၁
ပျော်ဘွယ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် နိုင်ငံရေးပါတီဝင်များအား အသိပညာပေးခြင်းနှင့်လက်တွေ့စမ်းသပ်မဲပေးခြင်းကို စက်တင်ဘာ ၁၁ရက် နံနက်၉နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါ်နှင်းဆီ နိုင်ငံရေးပါတီဝင်များအားဖိတ်ခေါ်၍ မဲပေးစက်အကြောင်းရှင်းလင်းခြင်းနှင့် လက်တွေ့ဆန္ဒမဲပေးသရုပ်ပြခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ဆွေးနွေးပြီး မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်ခင်သီတာခိုင်က မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) အကြောင်းနှင့် မဲပေးပုံအဆင့်ဆင့်တို့ကို ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ ရွေးကောက်ပွဲတွင်ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီဝင်များက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းပြုလုပ်ကြပြီး မဲရလဒ်သရုပ်ပြထုတ်ပြန်ကြေညာခြင်းတို့ ပြုလုပ်ခဲ့ကြောင်းသိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)