ချမ်းအေးသာစံမြို့နယ်တွင် အခြေခံပညာကျောင်းများရှိ KG ကလေးများအား အာဟာရကျွေးမွေး

ချမ်းအေးသာစံ စက်တင်ဘာ ၁၁

ချမ်းအေးသာစံမြို့နယ်   ကျန်းမာရေးဦးစီးဌာနမှကြီးမှူး၍ အခြေခံပညာဦးစီးဌာနနှင့်ပူးပေါင်းကာ မြို့နယ်အတွင်း အခြေခံပညာကျောင်းများရှိ KG ကလေးများအား အာဟာရကျွေးမွေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၁၀ ရက်က အထက(၂၂)ကျောင်းတွင် ကျင်းပသည်။

အာဟာရကျွေးမွေးရာတွင် ကလေးငယ်များအတွက်  ထမင်း၊ ပဲဟင်း၊ ဟင်းနုနွယ်ရွက်ကြော်၊ ကြက်သား၊ ပြောင်းဖူး စသည့် အစာအုပ်စု (၃)စုမျှတအောင် ကျွေးမွေးသည်။ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူ များအား တစ်ကိုယ်ရေကျန်းမာ သန့်ရှင်းစေရန်အတွက် ကျောင်းကျန်းမာရေးလုပ်ငန်းများကိုလည်း စဉ်ဆက်မပြက် ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

ချမ်းမြေ့မောင်(ချမ်း/စံ)