ဝမ်းတွင်း စက်တင်ဘာ ၁၁
မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းနှင့် အသိပညာပေးခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၉နာရီ က အမှတ်(၇)ချည်မျှင်နှင့်အထည်စက်ရုံတွင် ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြင့်သိန်းက မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြု၍ ဆန္ဒမဲပေးရခြင်းနှင့်ပတ်သက်၍ ပြောကြားခဲ့သည်။၎င်းနောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးတင့်ဆွေက ရွေးကောက်ပွဲလုပ်ငန်းဆိုင်ရာများကို ဆွေးနွေးပြောကြားသည်။ ယင်းနောက် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဒုတိယဦးစီးမှူးမှ မြန်မာအီလက်ထရောနစ်မဲပေးစက် ဖွဲ့စည်း တည်ဆောက်ပုံနှင့် မဲပေးပုံ၊ မဲပေးနည်း အဆင့်ဆင့်အား ရှင်းလင်းပြောကြားခဲ့ပြီး သရုပ်ပြပွဲသို့ တက်ရောက်လာသော ချည်မျှင်နှင့်အထည်စက်ရုံးမှ အလုပ်သမားများက တစ်ဦးချင်းလက်တွေ့ စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါသရုပ်ပြစမ်းသပ်မဲပေးခြင်းနှင့်အသိပညာပေးခြင်းအခမ်းအနားကို မြို့နယ်စီမံခန့်ခွဲရေး နှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အမှတ်(၇)ချည်နှင့်အထည်စက်ရုံမှ အလုပ်သမားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဌေးလှိုင်(ဝမ်းတွင်း)