ကွမ်းခြံကုန်း စက်တင်ဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၌ သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့က အ-ထ-က(၂)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ဦးစွာ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီအရာရှိ ဒေါ်နန့်ဆွေနွယ်ဦးက သဘာဝဘေးအန္တရာယ်အကြောင်း အသိပညာပေးပြောကြားရာ၌ ငလျင်အန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ထားရန်အချက်များ၊ ငလျင်လှုပ်နေစဥ်အတွင် လိုက်နာရန်အချက်များ၊ ငလျင်လှုပ်ပြီးနောက် ပြုလုပ်ရန်အချက်များနှင့် ရှောင်ရှားသင့်သည့် အချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မုန်တိုင်းအန္တရာယ်ကြိုတင်ပြင်ဆင်ထားရမည့် အချက်များ၊ မုန်တိုင်းကျရောက်လာပါက လိုက်နာရမည့်အချက်များ၊ မုန်တိုင်းအန္တရာယ်ကျရောက်ပြီးပါက လိုက်နာရမည့် အချက်များ၊ မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များနှင့် မိုးလေဝသသတင်းများကို စဥ်ဆက်မပြတ်နားထောင်ပြီး အကြံပြုချက်များကို လိုက်နာဆောင်ရွက်သင့်ကြောင်း ဟောပြောခဲ့ပါသည်။
အဆိုပါဟောပြောပွဲသို့ ကျောင်းသား၊ ကျောင်းသူများက အသိပညာဗဟုသုတရဖွယ် သဘာဝဘေးအန္တရာယ်လျော့ပါရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။
ဆွေနွယ် (ပြန်/ဆက်)