ကွမ်းခြံကုန်း စက်တင်ဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ တော်ခလူးကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးရုံး၊ သဲကုန်းတန်းကျေးရွာ အ-မ-က စာသင်ကျောင်းတို့ရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းကို ယမန်နေ့က ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါအသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ၏ လုပ်ဆောင်ချက်များနှင့် ကိုင်တွယ်အသုံးပြုခြင်းနည်းလမ်းများ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကို အသုံးပြုခြင်းဖြင့် မဲပေးရာတွင် မြန်ဆန်၍ နားလည်လွယ်ခြင်း၊ ပယ်မဲများမရှိခြင်း၊ အချိန်တိုအတွင်း မဲရလဒ်များ ရေတွက်နိုင်ခြင်း၊ တိကျသောမဲရလဒ်များရရှိနိုင်ခြင်း၊ ရွေးကောက်ပွဲရလဒ်များကို လျင်မြန်စွာ ကြေညာနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်ခြင်းတို့ကို သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် မဲဆန္ဒရှင်များက လက်တွေ့စမ်းသပ်မဲပေးခဲ့ကြရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်တာဝန်ရှိသူများက ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဆွေနွယ် (ပြန်/ဆက်)