ငါန်းဇွန်မြို့၌  ဂုဏ်ထူးရကျောင်းသားကျောင်းသူများအား ဂုဏ်ပြု 

ငါန်းဇွန်     စက်တင်ဘာ ၁၁

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ၂၀၂၅ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဂုဏ်ထူးရကျောင်းသားကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို စက်တင်ဘာ ၁၀ရက်က ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္က ဦးမျိုးမင်းသိန်းက  အမှာ စကားပြောကြားပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကနှင့် အဖွဲ့ဝင်များက ၂၀၂၅ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် လေးဘာသာဂုဏ်ထူးရှင် တစ်ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၇)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၁၇)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် (၆၅)ဦး၊ စုစုပေါင်း ဂုဏ်ထူးရကျောင်းသားကျောင်းသူ ၉၀တို့အား ဂုဏ်ပြုဆုငွေ (၂၄၈၀၀၀၀)နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ပေးအပ်သည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါ်အေးဆုမွန်ထွန်းက ကျေးဇူးတင်စကားပြောကြား ခဲ့ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)