ကျောက်ပန်းတောင်းမြို့နယ်၌  မြန်မာအီလက်ထရောနစ် မဲပေးစက်အသိပညာပေး စမ်းသပ်သရုပ်ပြ

ကျောက်ပန်းတောင်း စက်တင်ဘာ ၁၁

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက မြန်မာ အီလက်ထရောနစ် မဲပေးစက် (MEVM) အကြောင်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ် မဲပေးမှုသရုပ်ပြခြင်းများကို စက်တင်ဘာ(၁၀)ရက် နံနက်(၉))နာရီက အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း (ကျောက်ပန်းတောင်း)နှင့် ညနေပိုင်းတွင် ဈေးကွက်သစ်ရပ်ကွက်၊ အောင်မြေသာစံဓမ္မာရုံတို့တွင် ပြုလုပ် သည်။

နံနက်ပိုင်းတွင် ပြည်တော်သာရပ်ကွက်ရှိ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းစုဝေးခန်းမ၌ပြုလုပ်ရာ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးရန်မျိုးနိုင်က အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးဇင်မောင်က မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် ဆန္ဒမဲပေးခြင်း လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် တက်ရောက်လာသည့်ကျောင်းအုပ်ကြီးနှင့် ဌာနမှူးများ၊ ကျောင်းသားကျောင်းသူများ၏ မေးမြန်းမှုများကို တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။ ဆက်လက်၍ ကျောင်းအုပ်ကြီးနှင့် ဌာနမှူးများ၊ ကျောင်းသား ကျောင်းသူ ၇၀၀ ကျော်တို့က မဲပေးစက်ဖြင့် ဆန္ဒမဲပေးခြင်းကို ကိုယ်တိုင် လက်တွေစမ်းသပ် ဆောင်ရွက်ကြသည်။

ညနေ(၃)နာရီတွင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဈေးကွက်သစ်ရပ်ကွက်နှင့် မြို့မကွက်သစ်ရပ် ကွက်နေ မဲဆန္ဒရှင်ပြည်သူ(၁၃၆)ဦးတို့အား၊ ဈေးကွက်သစ်ရပ်ကွက် အောင်မြေသာစံ ဓမ္မာရုံ၌ တွေ့ဆုံ၍ မြန်မာ အီလက် ထရောနစ်မဲပေးစက် (MEVM) ဖြင့် ဆန္ဒမဲပေးခြင်း လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခြင်းနှင့် စမ်းသပ်မဲပေးစေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)