တွံတေး စက်တင်ဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ ကံဘဲ့ကျေးရွာအုပ်စုရှိ မဲဆန္ဒရှင်ပြည်သူများအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နှင့် ပတ်သက်၍ သိရှိစေရန် အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ကံဘဲ့ကျေးရွာ၊ အရှေ့ပုဗ္ဗာရုံကျောင်းတိုက်ဘုရားတန်ဆောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆိုင်ရာ အသိပညာပေးအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးသက်နိုင်ထွန်းမှ မဲပေးစက်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ကံဘဲ့ကျေးရွာအုပ်စုနေ မဲဆန္ဒရှင်ပြည်သူများက လက်တွေ့စမ်းသပ်မဲပေးစေခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းနောက် လက်တွေ့စမ်းသပ်သရုပ်ပြရာ၌ မဲဆန္ဒရှင်ပြည်သူများအား MEVM စက် အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆိုင်ရာ အသိပညာပေးခြင်းများကို မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးသက်နိုင်ထွန်းက မဲပေးစက်နှင့် ပတ်သက်သည့် အကြောင်းအရာများ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးသက်နိုင်ထွန်းနှင့် အဖွဲ့ဝင်များက ဦးဆောင်၍ မဲဆန္ဒရှင်ပြည်သူများအား MEVM စက် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ဆောင်ရွက်ခဲ့ကြရာ မဲဆန္ဒရှင်ပြည်သူများက စိတ်ပါဝင်စားစွာဖြင့် စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မျိုးလှိုင်