လှည်းကူး စက်တင်ဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အင်းတိုင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးခင်ဇော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးနွဲ့က လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ပြုလုပ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းစာကြည့်တိုက်အတွက် သုတ/ရသစာအုပ်များ လှူဒါန်းခဲ့သည်။
ထို့နောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာလင်းက အိုဇုန်းလွှာကာကွယ်ရေးသိပ္ပံပညာဖြင့် တစ်ကမ္ဘာလုံမြှင့်တင်ဆောင်ရွက်ပေးအကြောင်း အသိပညာပေးဟောပြောခဲ့ပြီး အ.ထ.က(ခွဲ)အင်းတိုင်မှ ကျောင်းအုပ်ဆရာကြီး ဦးလုံယိုးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားတွင် လူငယ်စကားဝိုင်း၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲများ၊ စိတ်ကြိုက်ပန်းချီဆွဲပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲများကို ထည့်သွင်းကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ပါဝင်ဆင်နွှဲခဲ့ကြပြီး ပြိုင်ပွဲများတွင် ဆုရရှိသောကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
အေးအေးနွဲ့ (လှည်းကူး)