အောင်မြေသာစံခရိုင် တက္ကသိုလ်ဝင်စာမေးပွဲ ဂုဏ်ထူးရှင်များအား ဂုဏ်ပြုချီးမြှင့်

မန္တလေး စက်တင်ဘာ ၁၀

မန္တလေးတိုင်းဒေသကြီးအောင်မြေသာစံခရိုင် ၂၀၂၅ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူး လေးဘာသာဖြင့် ထူးချွန်စွာအောင်မြင်သော ကျောင်းသား/ကျောင်းသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို စက်တင်ဘာ ၁၀ရက် နံနက်၁၀နာရီက မန္တလေး‌အောင်မြေသာစံမြို့နယ် အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်း ‌‌ဧသီဒါခန်းမတွင်  ကျင်းပသည်။

အခမ်းအနားကို အထက(၈)မှ ကျောင်းသူများက“ကမ္ဘာ့အဆင့်မီ ပညာရေး” သီချင်းဖြင့် အခမ်းအနားသီဆိုဖွင့်လှစ်ခဲ့ပြီး၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆွေက အမှာစကားပြောကြားသည်။ ဆက်လက်၍ တာဝန်ရှိသူများက လေးဘာသာဂုဏ်ထူးဆုရ ကျောင်းသား၊ ကျောင်းသူ ၄၄ ဦးတို့အား ဂုဏ်ပြုဆု‌ငွေနှင့်ဆုလက်မှတ်များ ချီးမြှင့်‌သည်။ ထို့နောက် ကျောင်းသားကျောင်းသူများက မင်္ဂလာပါသီချင်းနှင့် ဇာတိမာန်သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး ဆုရကျောင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။

 မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)