အမရပူရ စက်တင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့ ရွှေကြက်ယက်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့ မွန်းလွဲ ၁ နာရီခွဲက အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်းပြီး လူငယ်ရေးရာဟောပြောပွဲ၊စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကိုပြုလုပ်သည်။
ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးက အမှာစကားပြောကြားသည်။ ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးမင်းက ကျောင်းသားများ အသိပညာဗဟုသုတရရှိစေရန် လူငယ်များသိသင့်သိထိုက်သည့် မူးယစ်အန္တရာယ်အကြောင်း၊ ကျောင်းစာအပြင် ပြင်ဗဟုသုတရရှိစေမည့်စာပေများ ဖတ်ရှုရန်လိုကြောင်းနှင့် လူငယ်များသိသင့်သိထိုက်သည်များကိုဟောပြောသည်။ဆက်လက်ပြီး ကျောင်းသားကျောင်းသူများက ပြသထားသော စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြောင်းသိရသည်။
စိုးသီဟ(အမရ)