အမရပူရ စက်တင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး အမရပူရခရိုင် အမရပူရမြို့နယ်၏ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီက အမရပူရမြို့ လေးစုရပ်ရှိအမှတ် ၁ အခြေခံပညာအထက်တန်းကျောင်း မေတ္တာရိပ်ခန်းမတွင် ကျင်းပသည်။
ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ကိုလင်းက အမှာစကားပြောကြားသည်။ ထို့နောက် ခရိုင်ပညာရေးမှူး ဒေါ်ထုလွမ် က ဂုဏ်ပြုအခမ်းအနား ကျင်းပပေးရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး ခရိုင်စီမံအုပ်ချုပ်ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက အောင်ချက်အကောင်းဆုံး ကျောင်းသုံးကျောင်းကို ဂုဏ်ပြုမှတ်တမ်းနှင့်ဆုများကိုချီးမြှင့်သည်။ ယင်းနောက် ဂုဏ်ထူးရ ကျောင်းသူများကို တာဝန်ရှိသူများက ဂုဏ်ပြုလက်မှတ်နှင့်ဆုများကိုချီးမြှင့်ပေးအပ်ခဲ့ကြသည်။ အမရပူရမြို့နယ်တွင် လေးဘာသာဂုဏ်ထူးရှင် နှစ်ဦး၊ သုံးဘာသာဂုဏ်ထူးရှင်ခြောက်ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင်ခုနစ်ဦးနှင့်တစ်ဘာသာဂုဏ်ထူးရှင် ၃၃ ဦးစုစုပေါင်း ၄၈ ဦးရှိကြောင်း မြို့နယ်ပညာရေးရုံး မှ သိရသည်။
စိုးသီဟ(အမရ)