ကျောက်ဖြူမြို့၌ မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)ဖြင့် လက်တွေ့စမ်းသပ်မဲပေး

ကျောက်ဖြူ        စက်တင်ဘာ   ၁၀

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၌ ဌာနဆိုင်ရာဝန်ထမ်းများအား မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးမှု သရုပ်ပြခြင်းကို ယနေ့ နံနက်(၉)နာရီက အစိုးရရပ်ကွက်ရှိ ရမ္မာဝတီခန်းမတွင် ကျင်းပရာ  ခရိုင် /မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုအားပေးသည်။

ဦးစွာ ခရိုင်ရွေးကောက်ပွဲအရာရှိ ဦးဌေးအောင်နိုင်က မဲပေးစက်နှင့် စပ်လျဉ်းသည့် အကြောင်းအရာ များနှင့် မဲပေးစက်ဖြင့် ဆန္ဒမဲပေးခြင်း လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာဝန်ထမ်းများက မြန်မာ အီလက်ထရောနစ် မဲပေးစက်(MEVM)ဖြင့် ဆန္ဒမဲပေးခြင်းကို လက်တွေ့စမ်းသပ်ဆောင်ရွက်ပြီး  ခရိုင်ရွေးကောက်ပွဲအရာရှိက ထွက်ရှိလာသည့် စာရင်းဖြင့် ဆန္ဒပြုသူအရေအတွက် တိုက်ဆိုင်စစ်ဆေးခြင်းနှင့် မဲရလဒ်ထုတ်ပြန်ခြင်းများကို လက်တွေ့သရုပ်ပြဆောင်ရွက်သည်။

အဆိုပါ မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့ စမ်းသပ်မဲပေးမှု သရုပ်ပြပွဲသို့ ဌာနဆိုင်ရာဝန်ထမ်း ၄၀၀ တက်ရောက်ခဲ့ကြောင်း သိရသည်။

တင်ထွန်းဦး(ပြန်/ဆက်)