မိုင်းရယ်မြို့ အမှတ်(၂)အခြေခံပညာမူလတန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက်နှင့် အသိပညာပေးဟောပြောပွဲ ပြုလုပ်

မိုင်းရယ် စက်တင်ဘာ ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကဦးစီး၍ ယနေ့မွန်းလွဲ ၁ နာရီက အမှတ်(၄)အခြေခံပညာမူလတန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက်နှင့် အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ဟောပြောရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ချစ်ချစ်ပိုင်က အအခြေခံပညာမူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများကို လူကုန်ကူးမှုအန္တရာယ်ဆိုင်ရာ အသိပညာပေးဆိုင်ရာများကို ဆွေးနွေးဟောပြောခဲ့သည်။

ထို့နောက် ကျောင်းသား/သူလေးများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များကို လေ့လာဖတ်ရှုခဲ့ကြသည်။

မြို့နယ် (ပြန်/ဆက်)