ကာလိ စက်တင်ဘာ ၁၀
ကျောင်းသားလူငယ်များ ကျောင်းစာအပြင် ပြင်ပအထွေထွေဗဟုသုတ တိုးပွားစေရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ ဆောင်ရွက်ခြင်းကို ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကာလိမြို့ အ.မ.က (မိုင်းယိုင်း) ကျောင်း၌ ယနေ့နံနက် (၉) နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပရာတွင် ကာလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးစည်သူအောင်က လူငယ်နှင့်ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး၊ လူငယ်နှင့်စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ပြသထားသော ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အန္တရာယ်ကင်းရှင်းရေး အသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ် စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုမှတ်သားခဲ့ကြကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)