ချမ်းမြသာစည်မြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် အသိပညာပေးနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားများ ဆက်လက်ကျင်းပ

ချမ်းမြသာစည် စက်တင်ဘာ ၁၀

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ကန်သာယာရပ်ကွက်၊ ပုညနန္ဒာဓမ္မာရုံတွင် မဲပေးစက်အသုံးပြု၍ မဲပေးခြင်းဆိုင်ရာ လုပ်ငန်းစဥ်များကို မဲဆန္ဒရှင်ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို စက်တင်ဘာ ၁၀ ရက်နေ့ နံနက် ၉  နာရီခွဲက ကျင်းပခဲ့သည်။

အခမ်းအနားတွင်  မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးလွင်မှ မဲဆန္ဒရှင်ပြည်သူ များအား ရွေးကောက်ပွဲဆိုင်ရာ ကျင်းပမည့်လုပ်ငန်းစဉ်များ၊ မြန်မာအီလက်‌ထရောနစ်မဲပေးစက် လုပ်ငန်းဆောင်ရွက်ပုံအဆင့်ဆင့်တို့ကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဒုတိယဦးစီးမှူး ဒေါ်သိမ့်သိမ့်ဆွေကမြို့နယ် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)နှင့်ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းပြသခဲ့သည်။ ဆက်လက်ပြီး  မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) စက်အသုံးပြု၍ မဲ‌ပေးပုံနည်းစနစ်များအား  လက်တွေ့ရှင်းလင်းပြသခဲ့ရာ တက်ရောက်လာကြသူများက  မြန်မာအီလက်ထရောနစ် မဲပေးစက် ဖြင့် တစ်ဦးချင်း ကိုယ်တိုင်စမ်းသပ်မဲပေးခြင်းများကို လက်တွေ့ဆောင်ရွက်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသက်‌ဆွေဦး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် (၂) ဗိုလ်မှူးထွန်းဇံဖြူ၊ အဖွဲ့ဝင်(၂) ဦးတင်ထွန်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးလွင်အဖွဲ့ဝင်များနှင့်ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်အ‌ဖွဲ့ခွဲ အဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများ စုစုပေါင်းအင်အား (၅၀၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ချမ်းမြေ့(ချမ်း/စည်)