သာစည် စက်တင်ဘာ ၁၀
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၃ ရက်နေ့တွင် ကျရောက်မည့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်းနှင့်အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို စက်တင်ဘာ ၉ ရက်နေ့ နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းသင်းက လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားသည်။ ဆက်လက်၍ ပြိုင်ပွဲကျင်းပပြုလုပ်ရာ အ.ထ.က (၁) နှင့် အ.ထ.က (၂) ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် လူကုန်ကူးမှုတိုက်ဖျက်ဖို့ခေါင်းပုံဖြတ်မှု အဆုံးသတ်စို့ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်း အဆင့်စာစီစာကုံးပြိုင်ပွဲတွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ခေါင်းစဉ်ဖြင့်လည်းကောင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါပြိုင်ပွဲ၏ ဆုရရှိကြမည့် ကျောင်းသား၊ ကျောင်းသူများအား စက်တင်ဘာလ ၁၁ ရက်နေ့တွင် အ.ထ.က (၂) ကျောင်း၌ ကျင်းပပြုလုပ်မည့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲတွင် ဆုများကို ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)