ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးရုံး၏ ၂၀၂၅ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနား ကျင်းပ

ရန်ကုန် စက်တင်ဘာ ၁၀

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးရုံး၏ ၂၀၂၅ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနားကို စက် တင်ဘာလ ၈ ရက်နေ့ နံနက်ပိုင်းက ကမာရွတ်မြို့နယ်၊ လေ့ကျင့်ရေးအထက်တန်းကျောင်းတွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာချိုချိုမြတ်အောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက စေတနာပန်းတို့ လန်းရာမြေ" သီချင်းဖြင့် ဂုဏ်ပြုသီဆိုဖွင့်လှစ်သည်။

ထို့နောက် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားကျင်းပရေးဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားရာ နိုင်ငံသားတိုင်း အခြေခံပညာမူလတန်းအဆင့် မသင်မနေရသတ်မှတ်ချက်ထက်တိုးမြှင့်ပြီး KG+9 အထိ အားလုံးသင်ကြားတက်မြောက်ရေး၊ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းထွက်မှုလျော့နည်းစေရေး၊ ကျောင်းနေအရွယ်လူငယ်တိုင်း ပညာသင်ကြားနိုင်ရေး မိဘများ၊ ဆရာများနှင့် တာဝန်ရှိသူများအားလုံးက ၂၀၂၅ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးဆောင်ပုဒ်ဖြစ်သည့် “ဒစ်ဂျစ်တယ်ခေတ်ကိုလိုက်မီဖို့ စာတတ်‌မြောက်ရေးမြှင့်တင်စို့” ဟူသောဆောင်ပုဒ်အတိုင်း ပညာ ရေးကိုမြှင့်တင်ရေးအတွက် ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်သွားကြရန်စသည်တို့ကို ပြောကြားသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာချိုချိုမြတ်အောင်က ၂၀၂၅ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ်နှင့် သက်ဆိုင်သောကောက်နှုတ်ချက်များအား ဖတ်ကြားပြီး ၂ဝ၂၅ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနားစာတတ်မြောက်ရေးလုပ်ငန်းများဆောင်ရွက်မှု Video Clip အား ပြသသည်။

ယင်းနောက် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ရန် ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်စန္ဒာသွယ်တို့က ဂုဏ်ပြုဆုများကိုပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကမာရွတ်မြို့နယ်၊ လေ့ကျင့်ရေးအထက် တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများကတို့အင် တို့အား" သီချင်းဖြင့် ဂုဏ်ပြုသီဆိုဖျော်ဖြေခဲ့ကြကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖျော်ဖြေရေးအဖွဲ့အား ဂုဏ်ပြုချီးမြှင့် ငွေများ ပေးအပ်သည်။

၎င်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့က ၂၀၂၅ ခုနှစ်၊ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့အခမ်းအနားတွင် ခင်းကျင်းပြသထားသောပြခန်းများကို လှည့်လည် ကြည့်ရှု ခဲ့ကြကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)