ကျောက်ဆည်မြို့နယ် တောင်နောက်ကျေးရွာတွင် ခြင်ဆေးခွေမီးထွန်းရာမှ မီးလောင်မှုဖြစ်ပွား

ကျောက်ဆည် စက်တင်ဘာ ၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ တောင်နောက်ကျေးရွာတွင် စက်တင်ဘာ ၁၀ ရက်နေ့နံနက် ၁၀ နာရီခန့်က ခြင်ဆေးခွေမီးထွန်းရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကျောက်ဆည်မြို့နယ်၊ တောင်နောက်ကျေးရွာ ဒေါ်ခရေဦး၏ ခြေတန်ရှည်အိမ် သွပ်မိုး၊ ထရံကာ၊ ဝါးခင်း(၃)ပင်(၂)ခန်းအတွင်း ခြင်ဆေးခွေမီးထွန်းထားရာမှ စတင်မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးလောင်မှုဖြစ်ပွားရာသို့ ကျောက်ဆည်ခရိုင် မီးသတ်ဦးစီးဌာနမှ ခရိုင်မီးသတ်ဦးစီးမှူးဦးစောလွင်အေး ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင်(၁၅)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၂)ဦးနှင့် ဒုရဲမှူးဝင်းနိုင်၊ ဒုရဲအုပ် တင်ဇာလင်းဦးစီး၍ မီးငြှိမ်းသတ်ယာဉ်(၂)စီးဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၁၀ နာရီ ၅၅ မိနစ်တွင် မီးငြှိမ်းသွားခဲ့ကြောင်းနှင့် မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။

စုစုအေး(ကျောက်ဆည်)