မဟာအောင်မြေ စက်တင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်၌ ၂၀၂၅ ခုနှစ် အောက်တိုဘာ (၁) ရက်နေ့တွင် ကျရောက်မည့် (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို စက်တင်ဘာ ၁၀ ရက်နေ့ နံနက် (၉) နာရီက လိုရာပြည့်စုံ ရန်မျိုးလုံမြတ်စွာဘုရား (၅) ဆူဝင်းအတွင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများပြုလုပ်ရာ၌ အမှတ် (၁) ရေကြောင်းရဲကွပ်ကဲမှုအဖွဲ့ခွဲနှင့် ရေကြောင်းရဲတပ်ဖွဲ့ခွဲ (မန္တလေး)မှ ကွပ်ကဲမှုအဖွဲ့ခွဲမှူး ယာယီရဲမှူးကြီး ကိုကိုနိုင် ဦးစီး၍ အရာရှိ/ အခြားအဆင့် တပ်ဖွဲ့ဝင် (၃၅) ဦးတို့က လိုရာပြည့်စုံရန်မျိုးလုံ ပေါ်တော်မူမြတ်စွာ ဘုရား (၅) ဆူဝင်းအတွင်း ဥပတိရုပ်ကောင်းမွန်ရေးနှင့် ကျောင်းဝင်းအတွင်း၊ အပြင်များ သန့်ရှင်းသာယာလှပစေရေး ပေါင်းမြက်များ၊ ခြုံနွယ်များ၊ အမှိုက်များ၊ သစ်ရွက်ခြောက်များအား ဖယ်ရှားရှင်းလင်းသန့်ရှင်းခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း