မိုင်းခတ်မြို့နယ် ဝမ်ခုတ်ကျေးရွာ နမ့်လွေစာကြည့်တိုက်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မိုင်းခတ် စက်တင်ဘာ ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၌ ဝေးလံသော တောင်ပေါ်ကျေးရွာများမှ ကျောင်းသားလူငယ်များ စာဖတ်ရှိန်မြှင့်မားစေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုး‌စေရန်ရည်ရွယ်၍ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က ဝမ်ခုတ်ကျေးရွာအုပ်စု၊ ဝမ်ခုတ်ကျေးရွာ နမ့်‌လွေစာကြည့်တိုက်သို့ ကွင်းဆင်းဆောင်ရွက်ခဲ့‌ကြသည်။

ရှေးဦးစွာ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက စာဖတ်ရှိန်မြှင့်မား‌စေရန် ကျောင်းသား ကျောင်းသူ များအားလပ်သည့်အချိန်၌ စာကြည့်တိုက်ကို အကျိုးရှိရှိအသုံးချတတ်‌စေရန်၊ ဗလငါးတန်ဖွံ့ဖြိုးစေရန်နှင့် စဉ်းစားတွေးခေါ်မှုမြှင့်မားလာစေရန် အသိပညာ‌ပေးပြောကြားပြီး၊ ကျောင်းသား ကျောင်းသူများကို Happy Time စာအုပ်မှကလေးတို့ မျက်စိဘယ်လောက်လျင်သလဲ ဉာဏ်စမ်းပ‌ဟေဠိမှ အမြန်ဆုံးရှာ‌ဖွေနိုင်သူအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကာ အသိပညာပေး စာအုပ်စာစောင်ပြပွဲနှင့် ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များ ပြသပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)