ကျိုင်းတုံမြို့၌ ရုံးစာရေးသားနည်း၊ သတင်းရေးသားနည်းနှင့် စာကြည့်တိုက်ပညာသင်တန်း (၃/၂၀၂၅) သင်တန်းဖွင့်

ကျိုင်းတုံ စက်တင်ဘာ ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ရုံးစာရေးသားနည်း၊ သတင်းရေးသားနည်းနှင့် စာကြည့်တိုက်ပညာသင်တန်း(၃/၂၀၂၅)သင်တန်းဖွင့်ပွဲကို  ယနေ့တွင် ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။

အခမ်းအနားကို ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်‌ထောက်ညွှန်ကြားရေးမှူး ဦးစိုးနိုင်က သင်တန်းဖွင့်အမှာစကားပြောကြားသည်။ သင်တန်းတွင် သင်တန်းနည်းပြများက ရုံးစာရေးသားနည်း၊ သတင်းရေးသားနည်းနှင့် စာကြည့်တိုက်ပညာသင်တန်းဘာသာရပ်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ရုံး၊ မိုင်းယန်း၊ မိုင်းခတ်၊ မိုင်းပျဉ်း၊ တုံတာမြို့နယ်ရုံးများမှ ဝန်ထမ်း ၁၅ ဦးအား စက်တင်ဘာ ၁၀ ရက်မှ ၁၃ ရက်အထိ ပို့ချဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)