မြစ်သားမြို့နယ် ကူမဲမြို့တွင် မြန်မာအီလက်ထရောနစ် (MEVM)မဲပေးစက်အကြောင်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆက်လက် သရုပ်ပြသ

မြစ်သား  စက်တင်ဘာ  ၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ပါတီ စုံအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒ‌မဲပေးကြမည့် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မြန်မာအီလက်ထရော နစ်မဲပေးစက်ဖြင့်လွယ်ကူစွာ ဆန္ဒမဲပေးတတ်စေရန် ရည်ရွယ်၍ မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်အကြောင်းအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးမှုသရုပ်ပြခြင်းကို စက်တင်ဘာ ၁၀ ရက်နေ့ နံနက် နာရီက ကူမဲမြို့ အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကူမဲမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဇော်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌက အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်ယဥ်မွန်ဖြိုး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်ဖွဲ့စည်းပုံကို ရှင်းလင်း‌ပြောကြားပြီး ကူမဲတိုက်နယ်မှ ရပ်ကွက်/ကျေးရွာ အုပ်စု (၇) အုပ်စုမှ ပြည်သူများအား လက်တွေ့စမ်းသပ်မဲပေးခြင်းသရုပ် ပြသခဲ့သည်။

လက်တွေ့စမ်းသပ်မဲပေးမှုသရုပ်ပြသခြင်း အခမ်းအနားသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကူမဲမြို့မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဇော်နှင့်ဝန်ထမ်းများ၊ မြို့နယ်ရွေးကောက်ပွဲကောက်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ လုံခြုံရေးဖွဲ့ဝင်များနှင့် ကူမဲတိုက်နယ်ရပ်ကွက်/ကျေးရွာ အုပ်စု (၇) အုပ်စုမှ အုပ်ချုပ်ရေးမှူးများနှင့်ပြည်သူများ စုစုပေါင်းအင်အား (၁၆၃၅) ဦးခန့် တက်‌ရောက်ခဲ့ကြောင်းသိရသည်။

ဝါဝါမြင့် (မြစ်သား)