မိုင်းပျဉ်းမြို့တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်

မိုင်းပျဉ်း စက်တင်ဘာ ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ မြန်မာ့စီးပွားရေးဘဏ်တွင် စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ထိုကဲ့သို့ ဆောင်ရွက်ရာ၌ မိုင်းပျဉ်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၂၄)ခုတို့မှ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၈၅)ဦးအတွက် တစ်ဦးကိုတစ်လလျှင် ၁၀၀၀၀/-နှုန်းဖြင့်  ၂၀၂၅ ခုနစ် ဧပြီလမှ စက်တင်ဘာလအထိ (၆)လစာနှင့် သက်ကြီးဘိုးဘွား(၂)ဦးအတွက် ဇူလိုင်လမှ စက်တင်ဘာအထိ လူမှုရေးပင်စင်များကို လူမှုဝန်ထမ်းဦးစီးဌာန၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မိုင်းပျဉ်းမြန်မာ့စီးပွားရေးဘဏ်တွင် ယနေ့နံနက်ပိုင်းမှစတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

နန်းသန္တာဦး(ပြန်ဆက်)