ကျိုင်းတုံမြို့၏  မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကျင်းပ

ကျိုင်းတုံ စက်တင်ဘာ ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၏ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို ယမန်နေ့က ကျိုင်းတုံခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အစည်းအဝေးခန်းမတွင် ကျင်းပသည်။

အခမ်းအနားကို ကျိုင်းတုံခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုးဝေက ကျိုင်းတုံမြို့ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲထားသည့် အဆိုပြုချက်များအပေါ် ဆောင်ရွက်နိုင်ရေး မြို့ပြစနစ်အချက်အလက်များကို ရှင်းလင်ဆွေးနွေးပြီး ကျိုင်းတုံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ခံများက ကျိုင်းတုံမြို့အား Town Plan ရေးဆွဲခြင်းဆိုင်ရာ မြို့နယ်နမိတ်အသစ်၊ အဆင့်မြှင့်တင်ရမည့် ကျေးရွာဧရိယာ၊ မြို့ပြစိုက်ပျိုးရေး၊ ယာဉ်ရပ်နားစခန်း၊ ဝန်ဆောင်မှုဇုန်၊ အဆင့်မြှင့်တင်ရမည့် မွေးမြူရေးဇုန်၊ အမှိုက်ကျင်း၊ ပြည်သူ့ရင်ပြင်နှင့်အပန်းဖြေဥယျာဉ်၊ အဆင့်မြှင့်တင်ရမည့်လမ်း၊ မြို့ရှောင်လမ်း၊ ညဈေး၊ ခရီးသွားဝန်ဆောင်မှု၊ အဆင့်မြှင့်တင်ရမည့် ဝန်ထမ်းအိမ်ယာ၊ အဆင့်မြှင့်တင်ရမည့် နောင်တုံကန်၊ ထိန်းသိမ်းရမည့် ရှေးဟောင်းမြို့ရိုး၊ ကျုံးနှင့် တံခါးများစသည့် အဆိုပြုချက်များနှင့်စပ်လျဉ်း၍ လက်ရှိမြေပြင်အခြေအနေနှင့် အကောင်အထည်‌ဖော်ဆောင်ရွက်နိုင်မည့် အခြေအနေအများကို တင်ပြရှင်းလင်းဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)