မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကဗျာရွတ်ဆိုပြိုင်ပွဲ ပြုလုပ်

မိုင်းခုတ် စက်တင်ဘာ ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(community centre) ခန်းမတွင်​ ယနေ့နံနက်ပိုင်းက ကဗျာရွတ်ဆိုပြိုင်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကဗျာရွတ်ဆိုပြိုင်ပွဲသို့ မိုင်းခုတ်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ မူလတန်း ကျောင်းသား၊ ကျောင်းသူများ ဝင်​ရောက်ယှဉ်ပြိုင်ခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မိုင်းခုတ်မြို့ရုံးအ​နေ​ဖြင့် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်နှင့် စာပေကိုချစ်မြတ်နိုးသည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)