ပြင်ဦးလွင် စက်တင်ဘာ ၉
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၂၀၂၅ ခုနှစ် တက္ကသိုလ်၀င်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော ပြင်ဦးလွင်မြို့နယ်မှ ဂုဏ်ထူးရကျောင်းသားကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက်(၉)နာရီက ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး( ၅)ရှိ မြို့တော်ခန်းမ၌ ကျင်းပသည်။
ဦးစွာ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများက “ဘက်စုံပညာ ကိုရည် တို့လှမ်းချီ”သီချင်းသီဆိုဖွင့်လှစ်ပြီး ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲထူးကအမှာစကားပြောကြားကာ တာဝန်ရှိသူများက ထူးချွန်ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုငွေနှင့်ဂုဏ်ပြုလွှာများ ပေးအပ်ချီးမြှင့်သည်။
ပြင်ဦးလွင်မြို့နယ်အတွင်း ၂၀၂၅ ခုနှစ် တက္ကသိုလ်၀င်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုအောင်မြင်ခဲ့ကြသော ကျောင်းသား ၊ ကျောင်းသူများထဲမှ (၆) ဘာသာဂုဏ်ထူးရှင်(၅)ဦး၊ (၅) ဘာသာဂုဏ်ထူးရှင် (၁၃) ဦး၊ (၄)ဘာသာဂုဏ်ထူးရှင် ၇၈ ဦး၊ (၃)ဘာသာဂုဏ်ထူးရှင် ၂၈၅ဦး၊ (၂)ဘာသာ ဂုဏ်ထူးရှင် ၂၅၀ နှင့် (၁)ဘာသာ ဂုဏ်ထူးရှင်(၃၄၆)ဦး၊ စုစုပေါင်း(၉၇၇)ဦးတို့ ထူးချွန်စွာ အောင်မြင်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်