အမရပူရ စက်တင်ဘာ ၉
မန္တလေးတိုင်းဒေသကြီး အမရပူရခရိုင် အမရပူရမြို့နယ် တမုတ်ဆိုးကျေးရွာအုပ်စု ဂျိုကျေးရွာ ရွာဦးကျောင်းဓမ္မာရုံတွင် လာမည့်ရွေးကောက်ပွဲတွင်အသုံးပြုမည့် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကို စနစ်တကျကိုင်တွယ်မဲပေးတတ်စေရန် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ဆိုင်ရာ အသိပညာပေး လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက အဆိုပါဓမ္မာရုံတွင်ကျင်းပသည်။
အခမ်းအနားတွင် မဲဆန္ဒရှင်ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးအတွက် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့်လက်တွေ့စမ်းသပ် မဲပေးခြင်းနှင့်ပတ်သက်ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးစီးအရာရှိ၊ ဒေါ်နန်းအေးအေးစိုးက မြန်မာအီလက်ထရောနစ်မဲပေးစက်တည်ဆောက်ပုံ၊ မဲပေးခြင်းလုပ်ငန်းစဉ် အဆင့်ဆင့်အား ရှင်းလင်းပြောကြားသည်။
အခမ်းအနားသို့အမရပူရမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးဇော်ဇော်၊ တမုတ်ဆိုးကျေးရွာအုပ်စုနှင့် တောတွင်ကျေးရွာ အုပ်စုတို့မှ ပြည်သူ(၅၆၉)ဦး တက်ရောက်ခဲ့ပြီး စမ်းသပ်မဲပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
စိုးသီဟ(အမရ)