မင်္ဂလာဒုံမြို့နယ် အ.ထ.က(၃)ထောက်ကြန့်၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကျင်းပ

မင်္ဂလာဒုံ စက်တင်ဘာ ၉

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်တွင် ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲကို အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း(ထောက်ကြန့်)၌ စက်တင်ဘာ ၃ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲများ ဆောင်ရွက်ရာတွင် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၌ “ဆရာ့ဂုဏ်ရည်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် “မြတ်ဆရာ” ခေါင်းစဉ်ဖြင့်လည်းကောင်း ကျင်းပပြုလုပ်ရာ ကျောင်းသား၊ ကျောင်းသူ ၃၅ ဦး ပါဝင်ယှဉ်ပြိုင်ကြကာ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးမြတ်မွန်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးကြပြီး တာဝန်ကျ ဆရာ၊ ဆရာမများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ခဲ့သည်။

ထို့နောက် မွန်းလွဲ ၁ နာရီတွင် ကဗျာပြိုင်ပွဲကို ဆက်လက်ကျင်းရာ အထက်တန်းအဆင့် ကဗျာပြိုင်ပွဲ၌ “ပညာပြည့်ဝနှလုံးလှ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့် ကဗျာပြိုင်ပွဲ၌ “ထာဝရအလင်းရှင်” ခေါင်းစဉ်ဖြင့်လည်းကောင်း ကျောင်းသား၊ ကျောင်းသူများက ၃၀ ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

မင်းသိန်းထွန်း