ကျိုက်မရော စက်တင်ဘာ ၉
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့တွင်ကျရောက်မည့်် ကမ္ဘာဆရာများနေ့ကိုကြိုဆိုသောအားဖြင့် အခြေခံပညာအထက်တန်းနှင့် အလယ်တန်းအဆင့် ကဗျာနှင့်စာစီစာကုံးပြိုင်ပွဲကို စက်တင်ဘာ ၈ ရက် နံနက် ၉ နာရီက အ.ထ.က(ကျိုက်မရော)ပညာအားမာန်ခန်းမ၌ပြု လုပ်ခဲ့သည်။
ရှေးဦးစွာ ကျိုက်မရောမြို့နယ် ဒုတိယမြို့နယ်ပညာရေးမှူးဦးညဏ်လင်းက ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်း လင်းပြောကြားသည်။
အဆိုပါ ကမ္ဘာ့ဆရာများနေ့ကဗျာစာစီစာကုံးပြိုင်ပွဲတွင် အထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင် “ဆရာ့ဂုဏ်ရည်” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့်၌ “မြတ်ဆရာ” ခေါင်းစဥ်ဖြင့်လည်းကောင်း ကျင်းပပြီး အထက်တန်းအဆင့်ကဗျာပြိုင်ပွဲတွင် “ပညာပြည့်ဝ နှလုံးလှ”၊ အလယ်တန်းအဆင့်တွင် ထာဝရအလင်းရှင်ခေါင်းစဥ်တို့ဖြင့် ကျောင်းသား၊ ကျောင်းသူ(၃၈)ဦးတို့က ပါဝင်ယှဥ်ပြိုင်ခဲ့ကြသည်။
ပြိုင်ပွဲတွင်ဆုရရှိမည့်ကျောင်းသား၊ ကျောင်းသူများအား အောက်တိုဘာလ ၅ ရက် ကမ္ဘာ့ဆရာများနေ့တွင် ဆုများချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သတင်းရရှိသည်။
ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)