ကျိုက်မရော စက်တင်ဘာ ၉
ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းစာကြည့်တိုက်များ ဖွံဖြိုးတိုးတက်စေရန်အတွက် စာကြည့်တိုက်ပညာဆင့်ပွားသင်တန်း (၂/၂၀၂၅) ဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန Cimmunity Centre ခန်းမ၌ ပြုလုပ်သည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စာကြည့်တိုက်စီမံခန့်ခွဲရေးစာအုပ်ပါ စာကြည့်တိုက်အမျိုးအစားများနှင့် စာအုပ်များ စာရင်းသွင်းခြင်း၊ တိုက်ပိုင်နံပတ်သတ်မှတ်ခြင်း၊ ပညာရပ်အမျိုးအစားခွဲခြားခြင်း စသည့်စာကြည့်တိုက်ဆိုင်ရာပညာများကို စာတွေ့လက်တွေ့သင်ကြားပို့ချပေးခဲ့သည်။
သင်တန်းသို့ အခြေခံပညာအလယ်တန်းကျောင်းများမှ ကျောင်းအုပ်ဆရာမကြီးများနှင့် သင်တန်းသူ ဆရာမ(၂၀)ဦးတို့ တက်ရောက်ပြီး သင်တန်းကာလမှာ(၂)ရက်ဖြစ်ကြောင်း သိရသည်။
ကျိုက်မရော (ပြန်/ဆက်)