ထန်းတပင်(ရန်ကုန်)၊ စက်တင်ဘာ ၉
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ကျောင်း သား/ကျောင်းသူ လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် စာပေဗဟုသုတများတိုးပွားလာပြီး ဆွေးနွေးပွဲများတွင်ပါဝင်ဆွေးနွေးတက်သည့် အလေ့အထကောင်းများရရှိသည့်အပြင် လူငယ်အချင်းချင်း ချစ်ခင်ရင်းနှီးမှုများရရှိစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်းကို စက် တင်ဘာလ(၅)ရက်နေ့၊ မွန်းလွဲပိုင်းက ရိုးခွကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေ့ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဦးအောင်ဇော်ထွေးက လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်း ပြောကြားခဲ့ပြီး အထက်တန်းပြဆရာမ ဒေါ်စန္ဒာလှိုင်က ကျေးဇူးတင်စကားများပြန်လည်၍ ပြောကြားခဲ့သည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ်ဆုလှိုင်က ဦးဆောင်ဆွေးနွေးသူအဖြစ်လည်း ကောင်း မူလတန်းပြဆရာမဒေါ်ပပငြိမ်းက တွဲဖက်ဦးဆောင်ဆွေးနွေးသူအဖြစ်လည်းကောင်း၊ ကျောင်းသား/ကျောင်းသူ(၆)ဦးတို့က လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့်ယဥ်ကျေးမှုစသည့်ခေါင်းစဉ်များဖြင့် လည်းကောင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများက မိမိတို့သိလိုသည်များကိုမေးမြန်းဆွေးနွေးခဲ့ရာ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ဆွေးနွေးသူ ကျောင်း သား/ကျောင်းသူများက ပြန်လည်ရှင်းလင်းခဲ့ကြသည်။
ထို့နောက် လူငယ်စကားဝိုင်းသို့တက်ရောက်လာကြသော ဆရာ/ဆရာမများ ကျောင်းသား/ ကျောင်းသူ(၃၀၀)ကျော်တို့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များကိုဖတ်ရှုလေ့လာခဲ့ပြီး အသိပညာပေးနံရံကပ်စာစောင်များကိုလည်း ကြည့်ရှု့လေ့လာခဲ့ကြကြောင်းသိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)