ချမ်းအေးသာစံမြို့နယ် အမှတ်(၇)အခြေခံပညာအလယ်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ချမ်းအေးသာစံ စက်တင်ဘာ ၉

ကျောင်းသားလူငယ်များ ဗလငါးတန်ပြည့်စုံစေရန်အတွက် ရည်ရွယ်ကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၇) အခြေခံ ပညာအလယ်တန်းကျောင်းတွင်  စက်တင်ဘာ ၉ ရက် နံနက် ၉ နာရီခွဲတွင် ကျင်းပဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ချမ်း​အေးသာစံမြို့နယ် ဒုတိယမြို့နယ်ပညာရေးမှုး ဆရာကြီးဦးသူရိန်စိုးမှ အဖွင့်အမှာစကားအနေဖြင့် လူငယ်များ အနာဂတ် ကာလတွင် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ​အသိပညာဗဟုသုတ အကြောင်းအရာများကို ပြောကြားခဲ့သည်။ ထို့နောက် ချမ်းအေးသာစံမြို့နယ် မြို့နယ်စာရေးဆရာအသင်းမှ အဖွဲ့ဝင် ဆရာမကြီးဒေါ်နုနုကြည်(အမေ့အိမ်)မှ ဗလငါးတန်နှင့်ပတ်သတ်သည့် အကြောင်းအရာများကို ပြောကြားခဲ့သည်။

ဆက်လက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်မှ  ကျောင်းသားလူငယ်များ အသိပညာဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဥာဏ်ရည်မြင့်မားစေရန်အတွက် လူငယ်နှင့်သက်ဆိုင်သည့် အကြောင်းအရာများ၊ လူငယ်များ၏ဘဝကို ဖျက်ဆီးစေနိုင်သည့် မူးယစ်ဆေးဝါးများအကြောင်းနှင့် ကျောင်းသားလူငယ်များအား ကျန်းမာရေးဗဟုသုတ အကြောင်းအရာများကို ဆွေးနွေးဟောပြောခဲ့ပြီး  ကျောင်းသား၊ကျောင်းသူများသည် ဟောပြောခဲ့သည့်အကြောင်းအရာများမှ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ဦးထွန်းထွန်းနိုင်မှ ပြန်လည်ဖြေကြားခဲ့သည်။ ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်နိုင်နိုင်ထွန်းမှ ​ကျေးဇူးတင်စကားပြောကြားခဲ့သည်။

 လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲသို့ ဒုတိယမြို့နယ်ပညာရေးမှူး ဆရာကြီးဦးသူရိန်စိုး၊   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ်စာရေးဆရာအသင်းမှ ဆရာမကြီး ဒေါ်နုနုကြည့်(အမေ့အိမ်)၊ ဆရာကြီး စိုင်းအောင်မိန်း(မိုတိုင်း)၊ အမှတ်(၇) အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ချမ်းမြေ့မောင်(ချမ်း/စံ)