မိုင်းခုတ် စက်တင်ဘာ ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (community centre) ခန်းမတွင် ယနေ့မွန်းလွဲ ၁ နာရီက စကားပုံဆက်ပြိုင်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စကားပုံဆက်ပြိုင်ပွဲသို့ မိုင်းခုတ်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ မူလတန်းကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မိုင်းခုတ်မြို့ရုံးအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်နှင့် စာပေကိုချစ်မြတ်နိုးသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ခင်သန္တာအောင် (ပြန်/ဆက်)