ချမ်းအေးသာစံမြို့နယ်တွင် မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကျင်းပ

ချမ်းအေးသာစံ  စက်တင်ဘာ ၉

မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ချမ်းအေးသာစံမြို့နယ်၊ စိတ္တရမဟီရပ်ကွက်၊ စုတောင်းရဘုရားမ္မာရုံအတွင်း၌ စက်တင်ဘာ ၉ ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့    မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကျော်​ကျော်လွင်၊ အဖွဲ့ဝင်ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးအောင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းဦး၊ အတွင်းရေးမှူး ဒေါ်စုလဲ့ရည်ထွေးနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်းနှင့် ကော်မရှင်အဖွဲ့ခွဲများ၊ မဲဆန္ဒရှင်ပြည်သူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကျော်​ကျော်လွင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်စုလဲ့ရည်ထွေးမှ မဲပေးစက်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ မဲပေးစက်၏လုပ်ဆောင်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသော မဲဆန္ဒရှင်ပြည်သူများမှ လက်တွေ့စမ်းသပ်မဲပေးခြင်းလုပ်ငန်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ချမ်းမြေ့မောင်(ချမ်း/စံ)