လားရှိုးတွင် ဆိုရှယ်မီဒီယာ၏ ကောင်းကျိုးနှင့် ဆိုးကျိုး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသ

လားရှိုး စက်တင်ဘာ ၉

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်ရုံးမှ  ဆိုရှယ်မီဒီယာ၏ ကောင်းကျိုးနှင့်ဆိုးကျိုး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များ ပြသခြင်းကို ယမန်နေ့က လားရှိုးမြို့နယ် ရပ်ကွက် (၅) ရှိ ခါနန်ကျောင်း၌ ကျင်းပသည်။

အဆိုပါအသိပညာပေးဟောပြောပွဲတွင် လားရှိုးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး (တာဝန်ပေး) ဦးစိုင်းထွန်းနေလှိုင်က စာဖတ်ရှိန်မြှင့်တင်ရေးအတွက် Community Centre Lashio မိတ်ဆက်ခြင်းနှင့် ဆိုရှယ်မီဒီယာ၏ ကောင်းကျိုးနှင့်ဆိုးကျိုး စသည့်အကြောင်းအရာများအား ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် ကလေးအလုပ်သမားပပျောက်ရေး ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ပေးနှင့် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ဓါတ်ပုံပြပွဲအားပြသခဲ့ရာ တက်ရောက်လာသည့် ခါနန်ကျောင်းမှ ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု၍ သိရှိလိုသည့်အချက်များအား မှတ်သားကူးယူခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)