မိုင်းရှူးမြို့၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးနှင့် သက်ငယ်မုဒိမ်းမှု၊ လူကုန်ကူးမှုများ လျော့နည်းပပျောက်စေရေး အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

မိုင်းရှူး စက်တင်ဘာ ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးနှင့် သက်ငယ်မုဒိမ်းမှု၊ လူကုန်ကူးမှုများ လျော့နည်းပပျောက်စေရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီအချိန်က၊ အမှတ်(၄)ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းလီက အမျိုးသမီးများ ကာကွယ်စောင့်ရှောက်ရေးဥပဒေဆိုင်များအကြောင်း၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်ထူးထူးလင်းက ဆက်သွယ်ရေးလိမ်လည်မှုနှင့်ပတ်သက်သည့် အကြောင်းအရာများနှင့် မြို့နယ်ရဲတပ်ဖွဲ့ ဒုရဲအုပ်စည်သူအောင်က သက်ငယ်မုဒိမ်းမှု၊ လူကုန်ကူးမှုများ လျော့နည်းပပျောက်စေရေး အသိပညာပေးဟောပြောခဲ့ကြပြီး ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးနှင့် သက်ငယ်မုဒိမ်းမှု၊ လူကုန်ကူးမှု Video Click အားပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုကြကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)